ဒီလ........
အဖိုးတန်တဲ့ စာရေးဆရာတစ်ယောက်
ထွက်သွားပြီး
တန်ဖိုးမရှိတဲ့ ငါ
ဝင်လာတယ်။
ဘယ်သူခွင့်ပြုလိုက်သလဲ။
Tuesday, August 11, 2009
Monday, August 10, 2009
ရကောက်
ကျွန်တော်က သူမအတွက်တော့
သတိရမှသာ ထုပ်ထုပ်ကြည့်တတ်တဲ့ ရွှံ့ ရုပ်....။
ကျွန်တော်အတွက်တော့ သူမက
နှလုံးသားနဲ့ရင်းထားရတဲ့ ရွှေရုပ် ....။
သတိရမှသာ ထုပ်ထုပ်ကြည့်တတ်တဲ့ ရွှံ့ ရုပ်....။
ကျွန်တော်အတွက်တော့ သူမက
နှလုံးသားနဲ့ရင်းထားရတဲ့ ရွှေရုပ် ....။
Tuesday, August 4, 2009
ခုတလော
ခုတလောတဲ့ အမ မနော်က တက်ဂ်ပါတယ်။ စိတ်တွေများ ရှေ့ဖြစ်ကို ကြိုကြိုမြင်နေသလားမသိ။ သူများတက်ဂ်ပို့စ်တွေ ဖတ်ဖတ်ပြီး ငါ့ကို တက်ဂ်ရင်တော့ ငါ့ကိုတက်ဂ်ရင်တော့လို့ တွေးတွေးနေတာ။ မ နော်က တက်ဂ်ထားပါတယ်ဆိုတော့ တက်ဂ်ပြီဟဆိုပြီး ပြေးကြည့်တော့ ခုတလောတဲ့။ ဒီတော့လည်း ခုတလောပေါ့လေ...။ ဘလော့ကလည်းဘယ်လိုဖြစ်နေတယ်မသိ။ စာရေးပြီးရင်ပြင်ဖို့ အပေါ်က Formatting Toolbar ကပျောက်နေတယ်။ color မရ bold မရ italic မရနဲ့။ ဒီတိုင်းကြီး တင်လိုက်ရပြီ။
ခုတလော
တွေးနေမိတာက
၁) လက်ရှိအချိန် ဒီနေ့ဆိုတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်နေဖို့။
၂) လူတွေ ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင်ကြပါလား။ ဒါဟာ မျက်လုံးက အပြင်ဘက်ကိုလှည့်ပြီး မျက်နှာမှာ ကပ်နေလို့များ ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့မရတာလား။ ဒါကြောင့်သူများကိုပဲမြင်ပြီး ကိုယ့်ကိုယ်ကို မမြင်တာထင်တယ်။ ငါဒီလိုမဖြစ်အောင် သတိထားရမယ်။
၃) မျက်နှာဖုံးအောက်က မျက်လုံးတွေကို ငါနဲနဲမြင် တတ်လာပြီ။
၎) အော် အပြင်မှာတင်မကဘူး game ထဲမှာတောင်မှ ငွေရှာရတာမလွယ်ပါလား။ (farm town) တိုးတက်ချင်လွန်းလို့ မတရားလုပ်ရင် ကျန်တာတွေမှာ လစ်ဟင်းကုန်မယ်။ (ဒါကလွဲရင် ကျန်တာ မလုပ်ဖြစ်တော့ဘူး) ဖြည်းဖြည်းနဲ့မှန်မှန်ပဲ ကောင်းမယ်။ လက်တွေ့ဘ၀လဲ ဒီလိုပဲထင်တယ်။ flexible ဖြစ်အောင် နေနိုင်မှ ဖြစ်မယ်။ (game ထဲကရလိုက်တာလေး)
၅)compete with yesterday-you, not others.
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ငါဟာ ဘာမှမဟုတ်သေးပါဘူး။
ကျန်းမာရေး
ဒေါင်ဒေါင်မြည်တယ်လို့တော့ ကိုယ့်ဘာသာထင်တာပဲ။ အထဲမှာဘာဖြစ်နေလဲတော့ ကိုယ့်ဘာသာ ကြည့်လို့မရဘူးလေ။
ဖတ်ဖြစ်တဲ့စာအုပ်တွေက
၁) ကျောင်းစာ။
၂) ဘလော့စာ။
၃) အင်တာနက်စာမျက်နှာ။
ရောက်နေဖြစ်တာက
၁) လောကကျောင်းထဲ။
၂) ရိုးရှင်းတဲ့တောင်ယာလေးထဲ။
ရေးဖြစ်နေတာက
ဘ၀ကျောင်းကစာတွေ။
နားထောင်ဖြစ်နေတာက
၁) ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေကြတဲ့ ညည်းချင်းတချို့ (ဒါဟာ တခါတလေ ရှောင်ဖယ်လို့မရဘူး)
၂) Taylor Swift ရဲ့ Love Story
ရွတ်နေမိတဲ့ကဗျာက
သီချင်းတွေပဲ ရွတ်နေမိတယ်။
ဖြစ်ချင်နေတာက
အများကြီး။
စားဖြစ်နေတတ်တာက
၁) ပန်းသီး။
၂) ငှက်ပျောသီး။
၃) ပေါင်မုန့်။
သနားနေမိတာက
အိမ်က ခွေးလေး။ (အိမ်ထဲမှာပဲ တစ်ကောင်ထဲ အထီးကျန်ပြီး ပျင်းနေမယ်ထင်တယ်။ ကိုယ်ချင်းစာတယ်။)
လွမ်းနေမိတာက
အဝေးက အိမ်။
မေ့လျော့ပစ်နေမိတာက
၁) ကိုယ့်အတွက် အရေးမပါတဲ့ အရာတွေ။
၂) ပေါ့ပျက်ပျက် စကားတချို့။
ခါးသက်နေမိတာက
၁) ခါးသက်တဲ့ အပြောအဆိုတွေ။
၂) ခါးသက်တဲ့ အပြုအမူတွေ။
၃) ခါးသက်တဲ့ လူတွေ။
နာ ကျင် ရ တယ်။
တမ်းတနေမိတာက
နွေးထွေးမှု။
ကြိတ်ပြီးချီးကျူးနေမိတာက
၁) ဘ၀ကို flexible ဖြစ်အောင် နေထိုင်နိုင်သူတွေ။
၂) ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်သူတွေ။
ကြိတ်ပြီးအထင်သေးနေမိတာက
သိုးရေခြုံတွေ။
ဆန္ဒမရှိတဲ့နေရာ
ကိုယ့်ကို welcome မဖြစ်တဲ့နေရာ။
ဆန္ဒရှိနေတဲ့ကိစ္စ
လခရရင် လှူဦးမှ။
မုန်းတီးနေမိတာက
မုန်းတယ်ဆိုတာလဲ အဲဒါကြီးက ကိုယ့်စိတ်ထဲမှာ ရှိနေသေးတယ်။ မုန်းလာပြီထင်ရင် မေ့ပစ်လိုက်တယ်။ စိတ်ထဲကပါထုတ်လိုက်ပြီ။ ဥပေက္ခာပဲရှိတယ်။
ချစ်နေတာက
အုန်းသီး။
စိတ်ပျက်နေမိတာက
ကိုယ့်ကိုယ်ကို။
စွဲလန်းနေမိတာက
၁) ချစ်နေတာကို။
၂) တောင်ယာလေး။ ( အမလေးးးးး addicted ဖြစ်နေပြီလားးးးး )
လိုအပ်နေတာက
၁) လက်တစ်စုံ။
၂) စကားတစ်ခွန်း။
၃) ကျိန်းသေပေါက်မယ့် ထီလက်မှတ်တစ်စောင်။
တောင်းနေမိတဲ့ဆု
ဆုတောင်းတိုင်းသာ ပြည့်ရရင် ယတြာယာချေတိုင်းတာ အဆင်ပြေရင် ကမ္ဘာကြီး တော်တော်နေလို့ကောင်းပြီး သာယာနေမှာပဲ။
ဒါပေမယ့်လည်း
မရဲတရဲ တိုးတိုးလေးတော့ တောင်းနေမိတာ ရှိသေးတယ်။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အားးးးးးးးးးးးးးးးးးးးးး
ဝန်ခံချင်တာက
အထက်ပါစာများ လီဆယ် လုပ်ကြံထားခြင်း အလျင်းမရှိ။
စာလုံးပေါင်းမှားလျှင် ပြင်ပေးရန်။
Tag ဆိုတော့လည်း Tag လိုက်ဦးမှ...း)
ကဲ လာလေရော့..
ရေးစေ...
ညီမောင်
ဖြိုးမော်
နွေးနေခြည်
သားကြီး

Sunday, July 26, 2009
ကိုယ်ယောင်ဖျောက်ခံထားရသော ဒဏ်ရာတချို့
(၁)
လမင်းက မျက်နှာများတယ်
ကိုယ့်ကို ရယ်ပြသလိုနဲ့
သူ့ကိုလည်း ရယ်ပြနေတယ်
တခြားတစ်ယောက်ကိုလည်း
ရယ်ပြနေတယ် .....။
(၂)
အရိုးမျှော်နေတဲ့ ခွေးက
ကိုယ့်ထက်စာရင် သာပါသေးတယ်
ကံကောင်းရင်
အသားပါ ရနိုင်သေးတယ် .....။
(၃)
မမျှော်လင့်ဘဲရောက်လာတဲ့ မျှော်လင့်ချက်တွေ
လက်ကြားထဲက တစ်စက်စက်ယိုကျနေတယ်
ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်များလား
လက်ထဲ ထည့်ပေးခဲ့ပြီးမှကွယ်
နောက်ဆုံးလက်ကျန် ရှိသေးတဲ့အချိန်ထိ
ဒီ - မျှော်လင့်ချက်ရဲ့ နံရိုးတစ်ချောင်းဟာ
ငါ - မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ
ခုချိန်မှာတာ့
အကြွင်းမဲ့မေတ္တာတော် အဖြစ်
ငါ့ခေါင်းကိုသာ ရိုက်ပေးကြပါ
ပစ္စုပ္ပန်ကို မေ့ သွား ဖို့ အ တွက် .....။

Saturday, July 11, 2009
Friday, July 10, 2009
Nothing but just missing YOU
Nothing but just missing you....
Nothing but just missing you when I saw a family with two daughters came in to the train and thought that that father was like you who had two daughters.
Nothing but just missing you when I heard they were talking about coming back from somewhere and it reminded me of our nightouttings.
Nothing but just missing you when I saw the older daughter talked to her father with holding hands like I did.
Nothing but just missing you when I recognized that the older daughter really looked like her father.
Nothing but just missing you when all the way their movements took me back to you.
Nothing...,
but
just missing you
just missing you, DADDY.

Sunday, July 5, 2009
Subscribe to:
Posts (Atom)