ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Showing posts with label Knowledges. Show all posts
Showing posts with label Knowledges. Show all posts

Wednesday, April 29, 2009

မ.... ဘဲ နဲ့  မ..... ပဲ

ဒါလေးကို မရေးတော့ဘူးလို့ စဉ်းစားမိသေးတယ်။ ခုတော့လည်းရေးဖြစ်သွားပြီ။ ဟိုတလောက ကိုညီလင်းဆက်ဘလော့မှာ မြန်မာစာ အမှားတွေနဲ့ ပတ်သတ်ပြီး ရေးထားတာ ဖတ်ရတော့ ငယ်ငယ်က မြန်မာစာဆရာမ၁ယောက် (နံမယ်တော့မမှတ်မိတော့ဘူး။ တီချယ်ရေ ခွင့်လွှတ်ပါ) ပြောတာကို သတိရသွားမိပြီး ရေးချင်သွားတယ်။ တချို့ ကမသိတာဖြစ်နိုင်တယ် တချို့ လည်းသိပြီးသား ဖြစ်နေမှာပါ။

မြန်မာစာမှာရေးနေကြတဲ့ အငြင်းပုံစံဖြစ်တဲ့ မလုပ်ဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မရောက်ဖြစ်ဘဲ၊ စတာတွေကို တော်တော်များများက မလုပ်ပဲ၊ မစားပဲ၊ မသွားပဲ၊ မရောက်ဖြစ်ပဲ၊ ဆိုပြီး မ...ပဲ ပုံစံနဲ့ သုံးကြတာတွေ တွေ့ ရတယ်။ မ.....ပဲ လို့ သုံးရတာလား၊ မ....ဘဲလို့ သုံးရတာလား ငယ်ငယ်တုန်းက ခွဲလို့ မရခဲ့ဘူး။ ခဏ ခဏမှားတယ်။ ဘယ်လိုမှ မမှတ်မိဘူး။ အဲဒါနဲ့  အဲဒီမြန်မာစာ ဆရာမက မမှတ်မိနိုင်တဲ့ တပည့်တွေကို ` မှတ်ထား။ နင်တို့ က မ တွေ မ တွေနောက်ကို ဘဲ တွေလိုက်မှာပဲ။ မ နောက်ကို ဘဲ လိုက်တယ်။ မ ပါရင် ဘဲ ပါမှာပဲ။ မ မပါရင် ဘဲ မပါဘူး ´ တဲ့။း) အဲဒါနဲ့ ပဲ နောက်ပိုင်းတွေမှာ စာရေးရင် သတိထားပြီးရေးရေးလာတယ်။ ဒီတော့ အငြင်းပုံစံတွေကို မလုပ်ပဲ၊ မစားပဲ၊ မသွားပဲ၊ မရောက်ဖြစ်ပဲ ဆိုတာတွေ အစား မလုပ်ဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မရောက်ဖြစ်ဘဲ လို့  မ .... ဘဲ ပုံစံနဲ့ သုံးရမှာ မှတ်မိသွားတယ်။

ဒါကိုသိပြီးသားတွေလည်းရှိမှာပါ။ မသိသေးတဲ့သူတွေ အတွက်လည်း ဗဟုသုတပေါ့။ ဒီပို့ စ်ကိုဖတ်ပြီး သူကကော ဘယ်လောက်တတ်လို့ လဲ။ ဘယ်လောက်တော်လို့ လဲ ဘယ်လောက်အမှားကင်းလို့ လဲ လို့  မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ကဲ့ မြန်မာစာကို မတော်ပါဘူး။ ကောင်းကောင်းမသုံးတတ်ပါဘူး။ ပြုပြင်နေဆဲပါ။ ကိုယ်တိုင်ရေးတဲ့စာတွေမှာလည်း မေ့သွားလို့  ပြန်မဖျက်ချင်တော့လို့ စတာတွေကြောင့် အဲဒီ အမှားတွေရှိရင်ရှိနေမှာပါ။ ပြန်မပြင်ဖြစ်သေးပါ။ ဒီပို့ စ်လေးကလည်း အသိလေးတစ်ခုကို မျှပေးကြည့်ရုံပါ။

Friday, March 13, 2009

the longest word in english language

အင်္ဂလိပ်စာမှာ word လို့ ခေါ်တဲ့ စာလုံးတွေမှာ အရှည်ဆုံးစာလုံးပါ။ သိပြီးသားတွေလည်း ရှိသလို မသိသေးတဲ့သူတွေဆိုလဲ သိသွားတာပေါ့။

Pneumonoultramicroscopicsilicovolcanoconiosis တဲ့။
၄၅ letters ပါပါတယ်။ ဒါက medical term တစ်ခုပါ။ အဆုတ်တစ်ခြမ်းစကာပေါက်ဖြစ်တဲ့ရောဂါပါ။
Pneu = အဆုတ်
mono = တစ်ခြမ်း
ultramicroscopic = အလွန်သေးငယ်သောအပေါက်
silicovolcano = မီးတောင်ပြာများမှ ဆီလီကွန်ကြောင့်
coniosis = ဖြစ်သောရောဂါ
အလွန်သေးငယ်တဲ့ ဆီလီကွန်ပါတဲ့ လေထုကို ရှုမိရာက ဖြစ်ပွားတယ်လို့  ဆိုပါတယ်။ ကျောက်ထုလုပ်သားတွေ ကျောက်မှုန့် ရှုမိတာမျိုး၊ မီးတောင်ပေါက်ကွဲစဉ် လေထုမှာ ပါလာတဲ့ ဖုန် မှုန့် တွေကို ရှုမိတာမျိုး တွေကြောင့်ဖြစ်တတ်ပါတယ် လို့ ဆိုပါတယ်။ အသေးစိတ်ကို အင်တာနက်မှာရှာကြည့်နိုင်ပါတယ်။