ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Showing posts with label သင်္ကြန်. Show all posts
Showing posts with label သင်္ကြန်. Show all posts

Monday, April 20, 2009

ချစ်ဖွယ့်လူသား

သင်္ကြန်ပြီးသွားပြီ... နှစ်သစ်ရောက်လာပြီ... ချစ်ဖွယ့်လူသား လုပ်ကြစို့ ။
နှစ်သစ်အတွက် 100Plus ပေါ့။
၆တန်းတုန်းက သင်ဖူးတဲ့ ကဗျာလေး.. ခုထိမှတ်မိနေလို့  တင်ထားလိုက်တယ်။
ကဗျာနံမည်ကတော့ ချစ်ဖွယ့်လူသား လို့ ထင်တယ်..။ ဟုတ်မှာပါ။

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား။
စ ခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး။
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားအင်သစ်လိုက်ပ
ချစ်ဖွယ့်လူသား။

ဘေးမှာပုံလေးပါတယ်။ တစ်လုံးပြီးတစ်လုံးဆင့်နေတဲ့ တောင်တွေပေါ် လူတစ်ယောက်တက်နေတဲ့ပုံ။ တောင်ဘေးမှာ ရေကန်လေး။ ငှက်ကလေးတွေကလည်း အနားမှာ သီချင်းဆိုပြီးပျံနေတဲ့ပုံလေး။

Wednesday, April 15, 2009

ရွှေရင်ကိုအေးစေကြောင်း


ရောက်လာကြသူများ သင်္ကြန်ရွှေရင်အေးလေး သုံးဆောင်ကြပါ။ တနှစ်ပတ်လုံး ပူပန်ကင်းဝေး ရွှေရင်အေး စေကြောင်း ရည်ရွယ် ဆုတောင်းပါသည်။