ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Sunday, July 26, 2009

ကိုယ်ယောင်ဖျောက်ခံထားရသော ဒဏ်ရာတချို့

(၁)

လမင်းက မျက်နှာများတယ်
ကိုယ့်ကို ရယ်ပြသလိုနဲ့
သူ့ကိုလည်း ရယ်ပြနေတယ်
တခြားတစ်ယောက်ကိုလည်း
ရယ်ပြနေတယ် .....။

(၂)

အရိုးမျှော်နေတဲ့ ခွေးက
ကိုယ့်ထက်စာရင် သာပါသေးတယ်
ကံကောင်းရင်
အသားပါ ရနိုင်သေးတယ် .....။

(၃)

မမျှော်လင့်ဘဲရောက်လာတဲ့ မျှော်လင့်ချက်တွေ
လက်ကြားထဲက တစ်စက်စက်ယိုကျနေတယ်
ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်များလား
လက်ထဲ ထည့်ပေးခဲ့ပြီးမှကွယ်
နောက်ဆုံးလက်ကျန် ရှိသေးတဲ့အချိန်ထိ
ဒီ - မျှော်လင့်ချက်ရဲ့ နံရိုးတစ်ချောင်းဟာ
ငါ - မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ
ခုချိန်မှာတာ့
အကြွင်းမဲ့မေတ္တာတော် အဖြစ်
ငါ့ခေါင်းကိုသာ ရိုက်ပေးကြပါ
ပစ္စုပ္ပန်ကို မေ့ သွား ဖို့ အ တွက် .....။

5 comments:

  1. woooww!!
    ကဗျာက ကိုယ်ပိုင်လားဗျ?
    ရေရေလည်လည်မိုက်တယ်နော်
    လမင်းကမျက်နှာမများပါဘူးကွယ်
    တစ်မျက်နှာတည်းရှိတာပါ အထင်အမြင်မလွဲပါနဲ့
    ပစ္စုန်ပ္ပန်ကိုမေ့သွားမှာကြောက်လို့နော်
    ခေါင်းကိုမရိုက်တော့ဘူး လက်သီးဆုပ်လေးနဲ့ နဖူးကိုထုခဲ့တယ် “တိန်” :P

    ReplyDelete
  2. ခုတလောလုံးဝ လုံးဝကိုပျောက်နေတယ်
    ဘာကြောင့်ဆိုတာပြောဦး :(

    ReplyDelete
  3. ကောင်းတယ်..

    ReplyDelete
  4. လမင်းနှင့်အရိုး

    ReplyDelete