` သူ့ ကျေးဇူးကို မှတ်ထားပါ၊ကိုယ့်ကျေးဇူးကိုမေ့ပစ်ပါ ´တဲ့။ ဒီစကားတယ်ပြီး ဘ၀မကျချင်ဘူး။
လူတစ်ယောက်နဲ့ တစ်ယောက် အခန့် မသင့်လို့ စကားများကြတဲ့အခါများ သူ့ ကျေးဇူးတွေ ပြောသွားလိုက်တာများ တန်းစီလို့ ။
ကိုယ့်မှာတော့ မှတ်ထားစရာလို့ မထင်တာတွေ မေ့ပစ်လိုက်လို့ ပြောစရာမရှိဘဲ ပါးစပ်အဟောင်းသားနဲ့ ။
ငါလည်းကူညီဖူးတာပဲ ဆိုတာကလွဲရင် ကျန်တာ ခေါင်းထဲက ထွက်မလာတော့။ ပါးစပ်ကလဲ ထွက်မလာတော့။
ကိုယ့်ကိုယ်ကို
စိတ်
ပျက်
တယ်....။
Wednesday, May 20, 2009
Sunday, May 10, 2009
Thursday, May 7, 2009
တွေ့ ဖူးချင်တဲ့သူ ၁၀ ယောက် တဲ့
မနော်က tag ထားတယ်တဲ့။ သွားကြည့်လိုက်တော့ ခေါင်းစဉ်က တွေ့ ဖူးချင်တဲ့သူ ၁၀ ယောက်တဲ့။ ဒါနဲ့ ပဲ ဘယ်သူတွေကို တွေ့ ဖူးချင်တာလဲ ဘာကြောင့်လဲလို့ စဉ်းစားကြည့်လိုက်တယ်။ ကိုယ်က တွေ့ ချင်ပေမယ့် ကိုယ့်ကိုတွေ့ ချင်ဦးမှ။ သူများတော့မသိ ကိုယ့်ကို မတွေ့ ချင်တဲ့သူကို ကိုယ်ကတော့ မတွေ့ ချင်ပါ။ တွေ့ ဖူးချင်တဲ့သူတွေကို သေချာစဉ်းစားပြီး ရေးလိုက်ပါတယ။် ကြည့်ပါလော့ -
၁) ခုစာကလေးကြော် ခုဆီထမင်း မဟုတ်သော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
ဘလောင်း ဘလဲ အပြောင်းအလဲ မြန်တဲ့ သူမျိုး စိတ်ကုန်လွန်းလို့ ပါ။
၂) မျက်နှာဖုံးမစွပ်ထားသော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
မျက်နှာများပြီး ရှေ့ တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ် ပြောတတ်သော သူမျိုးကို ဆက်ဆံရခြင်းဟာ အဆုံးစွန်ဆုံး ဆင်းရဲဒုက္ခကို ပေးလို့ ပါ။
၃) မကန်းသောသူမျိုးနှင့် တွေ့ ချင်ပါတယ်။
ကိုယ့်ကိုယ်ကို မမြင်နိုင်ဘဲ သူများကိုသာ ပြောရန်သိသော အကန်းများကို ဆက်ဆံရန်ခက်လို့ ပါ။
၎) အားနည်းချက်ကို အသုံးမချတတ်သော သူမျိုးနှင့်တွေ့ ချင်ပါတယ်။
သူတပါး၏ အားနည်းချက်ကို ပြောင်လှောင် ပြောဆို ဆက်ဆံတတ်သော သူများက အထင်သေးစရာ ကောင်းလို့ ပါ။
၅) စင်းလုံးချောသော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
အပြင်ပန်းလှပသလောက် အတွင်းလှိုက်စားပုပ်ပွနေသော အသီးနှင့် တူသောသူမျိုးသည် အပုပ်ကောင် ရုပ်ဆောင် ဝေးဝေးရှောင် ရမည့်သူ ဖြစ်လို့ ပါ။
၆) ဖို့ တစ်ဖို့ ထဲကိုသာ မကြည့်တတ်သော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
ငါ့ဖို့ ၊ ငါ့အတွက်၊ ငါအဆင်ပြေမှ၊ ငါကောင်းဖို့ ၊ ငါ့အတွက်သာ စသဖြင့် ကိုယ်ချင်းစာတရားမရှိ၊ သူများအတွက်နည်းနည်းမှမကြည့်ဘဲ ကိုယ့်ဖို့ ကိုယ်သာ ကြည့်တတ်သူများကို စိတ်အပြန်တစ်ရာမက ပျက်လို့ ပါ။
၇) မရူးသော သူများနှင့် တွေ့ ချင်ပါတယ်။
သာပေါင်းညာစား ဘူးသီးသီးမှ အရီးတော် အလိုရှိမှ ခေါ်တတ်သော စိတ်မမှန် ရူးနှမ်းသော သူများနှင့် အခေါ်အပြော မလုပ်လိုလို့ ပါ။
ဟမ် ဟမ်... ၁၀ ယောက်တော့ မပြည့်ဘူး အမရေ။ ဒါနဲ့ ပဲ ကျေနပ်နော်။ ပထမဆုံး စရေးတဲ့ တက်ဂ်ပို့ စ်ကို ဖျစ်ညစ်ရေးထားတယ်။း) သူများတွေနဲ့ တော့ ရေးထားတာတူမှာမဟုတ်ဘူး။ ဒါပေမယ့်တွေ့ ချင်တဲ့သူတွေကတော့ ဒီလိုလူမျိုးတွေပါပဲ။ တကယ်...။ နောက်တွေ့ ချင်တဲ့သူရှိမှ ထပ်ထည့်မယ်နော်။း)
သိတဲ့သူတွေကလဲ သိပ်မရှိဘူးဆိုတော့ ညီမောင် ကိုပဲဆက်တက်ဂ်မယ် ရေးလေရော့။ ;)

Wednesday, April 29, 2009
မ.... ဘဲ နဲ့  မ..... ပဲ
ဒါလေးကို မရေးတော့ဘူးလို့ စဉ်းစားမိသေးတယ်။ ခုတော့လည်းရေးဖြစ်သွားပြီ။ ဟိုတလောက ကိုညီလင်းဆက်ဘလော့မှာ မြန်မာစာ အမှားတွေနဲ့ ပတ်သတ်ပြီး ရေးထားတာ ဖတ်ရတော့ ငယ်ငယ်က မြန်မာစာဆရာမ၁ယောက် (နံမယ်တော့မမှတ်မိတော့ဘူး။ တီချယ်ရေ ခွင့်လွှတ်ပါ) ပြောတာကို သတိရသွားမိပြီး ရေးချင်သွားတယ်။ တချို့ ကမသိတာဖြစ်နိုင်တယ် တချို့ လည်းသိပြီးသား ဖြစ်နေမှာပါ။
မြန်မာစာမှာရေးနေကြတဲ့ အငြင်းပုံစံဖြစ်တဲ့ မလုပ်ဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မရောက်ဖြစ်ဘဲ၊ စတာတွေကို တော်တော်များများက မလုပ်ပဲ၊ မစားပဲ၊ မသွားပဲ၊ မရောက်ဖြစ်ပဲ၊ ဆိုပြီး မ...ပဲ ပုံစံနဲ့ သုံးကြတာတွေ တွေ့ ရတယ်။ မ.....ပဲ လို့ သုံးရတာလား၊ မ....ဘဲလို့ သုံးရတာလား ငယ်ငယ်တုန်းက ခွဲလို့ မရခဲ့ဘူး။ ခဏ ခဏမှားတယ်။ ဘယ်လိုမှ မမှတ်မိဘူး။ အဲဒါနဲ့  အဲဒီမြန်မာစာ ဆရာမက မမှတ်မိနိုင်တဲ့ တပည့်တွေကို ` မှတ်ထား။ နင်တို့ က မ တွေ မ တွေနောက်ကို ဘဲ တွေလိုက်မှာပဲ။ မ နောက်ကို ဘဲ လိုက်တယ်။ မ ပါရင် ဘဲ ပါမှာပဲ။ မ မပါရင် ဘဲ မပါဘူး ´ တဲ့။း) အဲဒါနဲ့ ပဲ နောက်ပိုင်းတွေမှာ စာရေးရင် သတိထားပြီးရေးရေးလာတယ်။ ဒီတော့ အငြင်းပုံစံတွေကို မလုပ်ပဲ၊ မစားပဲ၊ မသွားပဲ၊ မရောက်ဖြစ်ပဲ ဆိုတာတွေ အစား မလုပ်ဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မရောက်ဖြစ်ဘဲ လို့  မ .... ဘဲ ပုံစံနဲ့ သုံးရမှာ မှတ်မိသွားတယ်။
ဒါကိုသိပြီးသားတွေလည်းရှိမှာပါ။ မသိသေးတဲ့သူတွေ အတွက်လည်း ဗဟုသုတပေါ့။ ဒီပို့ စ်ကိုဖတ်ပြီး သူကကော ဘယ်လောက်တတ်လို့ လဲ။ ဘယ်လောက်တော်လို့ လဲ ဘယ်လောက်အမှားကင်းလို့ လဲ လို့  မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ကဲ့ မြန်မာစာကို မတော်ပါဘူး။ ကောင်းကောင်းမသုံးတတ်ပါဘူး။ ပြုပြင်နေဆဲပါ။ ကိုယ်တိုင်ရေးတဲ့စာတွေမှာလည်း မေ့သွားလို့  ပြန်မဖျက်ချင်တော့လို့ စတာတွေကြောင့် အဲဒီ အမှားတွေရှိရင်ရှိနေမှာပါ။ ပြန်မပြင်ဖြစ်သေးပါ။ ဒီပို့ စ်လေးကလည်း အသိလေးတစ်ခုကို မျှပေးကြည့်ရုံပါ။

Monday, April 20, 2009
ချစ်ဖွယ့်လူသား
သင်္ကြန်ပြီးသွားပြီ... နှစ်သစ်ရောက်လာပြီ... ချစ်ဖွယ့်လူသား လုပ်ကြစို့ ။
နှစ်သစ်အတွက် 100Plus ပေါ့။
၆တန်းတုန်းက သင်ဖူးတဲ့ ကဗျာလေး.. ခုထိမှတ်မိနေလို့  တင်ထားလိုက်တယ်။
ကဗျာနံမည်ကတော့ ချစ်ဖွယ့်လူသား လို့ ထင်တယ်..။ ဟုတ်မှာပါ။
ဘေးမှာပုံလေးပါတယ်။ တစ်လုံးပြီးတစ်လုံးဆင့်နေတဲ့ တောင်တွေပေါ် လူတစ်ယောက်တက်နေတဲ့ပုံ။ တောင်ဘေးမှာ ရေကန်လေး။ ငှက်ကလေးတွေကလည်း အနားမှာ သီချင်းဆိုပြီးပျံနေတဲ့ပုံလေး။

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား။
စ ခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး။
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားအင်သစ်လိုက်ပ
ချစ်ဖွယ့်လူသား။

Wednesday, April 15, 2009
ရွှေရင်ကိုအေးစေကြောင်း
Thursday, April 9, 2009
ပညာ ပညာ ပညာ
မိမိကိုယ်ကို တော်တော်မုန်းမိပါသည်။
ပညာမတတ်သောကြောင့်ဖြစ်၏။
ပိပိရိရိဟန်ဆောင်သောနည်းပညာကို သေသေချာချာတတ်မြောက်ချင်ပါတယ်။
အနည်းဆုံးတော့ လျှာဖျားလေးနှင့်သာ စကားလှလှပြောတတ်သောပညာကို ရချင်ပါတယ်။
တပတ်ရိုက် ကျားကွက်ရွှေ့  တတ်သော ပညာကိုလည်း သင်ကြားတတ်မြောက်ချင်ပါတယ်။
ပင်ကိုစိတ်ရင်းအတိုင်း မနေထိုင်တတ်စေရန် အတွေ့ အကြုံများက သင်ကြားပေးခြင်းလား။
လောကသည် ကပွဲတစ်ခုနှင့်တူသည်။
လူတို့ သည် မျက်နှာဖုံးများစွာတပ်လျှက် ကခုန်နေကြသည်။
တယောက်နှင့်တွေ့ လျှင် တစ်မျိုးပြောင်းတပ်၏။
မျက်နှာကို မမြင်ရသော်ငြား မျက်လုံးများကိုမြင်နေရ၏။
ထိုသူတို့  ည ည အေးချမ်းစွာ အိပ်ပျော်ပါရဲ့လား။
ကပွဲထဲတွင်ပါဝင်ဆင်နွှဲနိုင်ရန် မျက်နှာဖုံးလိုအပ်နေသည်။
ကိုယ်မုန်းသောမျက်နှာဖုံးကို တပ်ရတော့မည်။
ထို့ အတွက် ထို အတတ်ပညာများလိုအပ်လေသည်။
သို့ သော်....... ကိုယ်က အေးချမ်းစွာ အိပ်ပျော်ချင်သူပါ။
ထို့ ကြောင့် သဟဇာတ မတဲ့စွာ ထိုင်ကြည့်နေရတော့သည်။
ထိုအခါ လှုပ်ရှားနေသူများ၏ တိုးတိုက်ခြင်းကို ရံဖန်ရံခါ ခံရတော့သည်။
၁ခါ...
၂ခါ...
၎ခါ...
၆ခါ...
၈ခါ...
စဉ်းစားရပြီ။
မျက်နှာဖုံးတတ်နိုင်ရန် ကြိုးစားရမည်လား။
ခန္တီပါရမီကိုပဲ ကျင့်ကြံရမည်လား။
မည်သို့ ဆိုစေ ထိုသူတို့ အလွန့် အလွန်တော်ကြပါသည်။
ပိပိရိရိဟန်ဆောင်သောနည်းပညာကို သေသေချာချာတတ်မြောက်ထား၏။
လျှာဖျားလေးနှင့်သာ စကားလှလှပြောတတ်သော ပညာကို တတ်မြောက်ထား၏။
တပတ်ရိုက် ကျားကွက်ရွှေ့  တတ်သော ပညာကိုလည်း သင်ကြားတတ်မြောက်ထား၏။
ကစားနည်းတို့ အတွင် အလှဆုံးဖြစ်သော လူ လူချင်း စကားဖြင့်ကစားသောနည်းကိုလည်း တတ်မြောက်ကြလေသည်။

Subscribe to:
Posts (Atom)