ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Thursday, May 7, 2009

တွေ့ ဖူးချင်တဲ့သူ ၁၀ ယောက် တဲ့

မနော်က tag ထားတယ်တဲ့။ သွားကြည့်လိုက်တော့ ခေါင်းစဉ်က တွေ့ ဖူးချင်တဲ့သူ ၁၀ ယောက်တဲ့။ ဒါနဲ့ ပဲ ဘယ်သူတွေကို တွေ့ ဖူးချင်တာလဲ ဘာကြောင့်လဲလို့ စဉ်းစားကြည့်လိုက်တယ်။ ကိုယ်က တွေ့ ချင်ပေမယ့် ကိုယ့်ကိုတွေ့ ချင်ဦးမှ။ သူများတော့မသိ ကိုယ့်ကို မတွေ့ ချင်တဲ့သူကို ကိုယ်ကတော့ မတွေ့ ချင်ပါ။ တွေ့ ဖူးချင်တဲ့သူတွေကို သေချာစဉ်းစားပြီး ရေးလိုက်ပါတယ။် ကြည့်ပါလော့ -

၁) ခုစာကလေးကြော် ခုဆီထမင်း မဟုတ်သော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
ဘလောင်း ဘလဲ အပြောင်းအလဲ မြန်တဲ့ သူမျိုး စိတ်ကုန်လွန်းလို့ ပါ။

၂) မျက်နှာဖုံးမစွပ်ထားသော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
မျက်နှာများပြီး ရှေ့ တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ် ပြောတတ်သော သူမျိုးကို ဆက်ဆံရခြင်းဟာ အဆုံးစွန်ဆုံး ဆင်းရဲဒုက္ခကို ပေးလို့ ပါ။

၃) မကန်းသောသူမျိုးနှင့် တွေ့ ချင်ပါတယ်။
ကိုယ့်ကိုယ်ကို မမြင်နိုင်ဘဲ သူများကိုသာ ပြောရန်သိသော အကန်းများကို ဆက်ဆံရန်ခက်လို့ ပါ။

၎) အားနည်းချက်ကို အသုံးမချတတ်သော သူမျိုးနှင့်တွေ့ ချင်ပါတယ်။
သူတပါး၏ အားနည်းချက်ကို ပြောင်လှောင် ပြောဆို ဆက်ဆံတတ်သော သူများက အထင်သေးစရာ ကောင်းလို့ ပါ။

၅) စင်းလုံးချောသော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
အပြင်ပန်းလှပသလောက် အတွင်းလှိုက်စားပုပ်ပွနေသော အသီးနှင့် တူသောသူမျိုးသည် အပုပ်ကောင် ရုပ်ဆောင် ဝေးဝေးရှောင် ရမည့်သူ ဖြစ်လို့ ပါ။

၆) ဖို့ တစ်ဖို့ ထဲကိုသာ မကြည့်တတ်သော သူမျိုးနှင့် တွေ့ ချင်ပါတယ်။
ငါ့ဖို့ ၊ ငါ့အတွက်၊ ငါအဆင်ပြေမှ၊ ငါကောင်းဖို့ ၊ ငါ့အတွက်သာ စသဖြင့် ကိုယ်ချင်းစာတရားမရှိ၊ သူများအတွက်နည်းနည်းမှမကြည့်ဘဲ ကိုယ့်ဖို့ ကိုယ်သာ ကြည့်တတ်သူများကို စိတ်အပြန်တစ်ရာမက ပျက်လို့ ပါ။

၇) မရူးသော သူများနှင့် တွေ့ ချင်ပါတယ်။
သာပေါင်းညာစား ဘူးသီးသီးမှ အရီးတော် အလိုရှိမှ ခေါ်တတ်သော စိတ်မမှန် ရူးနှမ်းသော သူများနှင့် အခေါ်အပြော မလုပ်လိုလို့ ပါ။

ဟမ် ဟမ်... ၁၀ ယောက်တော့ မပြည့်ဘူး အမရေ။ ဒါနဲ့ ပဲ ကျေနပ်နော်။ ပထမဆုံး စရေးတဲ့ တက်ဂ်ပို့ စ်ကို ဖျစ်ညစ်ရေးထားတယ်။း) သူများတွေနဲ့ တော့ ရေးထားတာတူမှာမဟုတ်ဘူး။ ဒါပေမယ့်တွေ့ ချင်တဲ့သူတွေကတော့ ဒီလိုလူမျိုးတွေပါပဲ။ တကယ်...။ နောက်တွေ့ ချင်တဲ့သူရှိမှ ထပ်ထည့်မယ်နော်။း)

သိတဲ့သူတွေကလဲ သိပ်မရှိဘူးဆိုတော့ ညီမောင် ကိုပဲဆက်တက်ဂ်မယ် ရေးလေရော့။ ;)

5 comments:

  1. ညီမရေ..ထင်မှတ်မထားတဲ့အတွေးလေးနဲ့
    ကောင်းတယ် သိလား..
    ကဲ ရေးလေရော့ ညီမောင်ရေ...း)
    အင်း..သူရေးမယ့်ထဲက နံပါတ်တစ်ခုကိုသိနေသလိုပဲ
း)

    ReplyDelete
  2.း) ၇ ချက်လုံးနဲ့ပြည့်စုံတဲ့လူ တွေ့ရင်ပြောပါ... တွေ့ချင်လို့

    ReplyDelete
  3. နွေးနေခြည် --- ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံး အဲလိုလူမျိုးတွေဖြစ်အောင် ကြိုးစားနေပါတယ်။ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ တစ်ချက်မဟုတ်တစ်ချက်နဲ့ တော့ ညီမှာပါ။း)

    ReplyDelete
  4. ၁။ အပြောင်းအလဲများအောင် သင်ပေးပါ ဒါမှ မှားနေတဲ့အခါ အမှန် မြန်မြန်ပြင်နိုင်အောင် :P
    ၂။ အပြုံးမျက်နှာဖုံးလေး စွပ်ပေးပါ ဒါမှ အလုပ်လုပ်တဲ့အခါ အဆင်ချောအောင် :P

    ၇ မျိုးထဲက ဘယ်နှမျိုး ဖြစ်ပြီလဲဟင် မမsweetpeony ??

    ReplyDelete
  5. အမှန်တိုင်းပြောရမလား ဖြိုးမော်
း)

    ReplyDelete