ဒီနေ့
ဘ၀ရဲ့ အပိုင်းအစတချို့ကို မှတ်တမ်းတင်ပါတယ်။
အဲ ဒီနေ့မှာ
စိတ်ရဲ့ အစိတ်အပိုင်းတချို့ကို အံ့သြခြင်း၊ ၀မ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်း၊ သိမ်ငယ်ခြင်း၊ ရှက်ခြင်း များနဲ့အတူ လက်ခံရရှိခဲ့တယ်။
စီးပွားရေးလုပ်နေခြင်းမဟုတ်လို့ အရှုံး အမြတ်လို့ မယူဆတော့ပါ။
ပေးဆပ်ရတာနဲ့ တန်သလား မတန်သလား လဲမသိ
ရှေ့ဆက်လှမ်းရန် အားအင်မဲ့စွာနဲ့ပဲ လက်ခံခဲ့တယ်။
တကယ်ဆို ကိုယ်ဟာ အလွန်ကို ခံစားထိခိုက်လွယ်သူပါ။ မကောင်းဘူး။ ကိုယ်မကောင်းပါဘူး။
ငါ
အနားမှာရှိနေတယ်..
ငါ
ဟိုး အဝေးဆုံးကို ရောက်နေတယ်...
တွန်းပို့ခြင်းခံရတယ်...
နောက်ကျောကို ဓါးနဲ့ထိုးခံရတဲ့စိတ်ဟာ လျော့ကျ
လျော့ကျတဲ့စိတ်ဟာ ပြိုလဲ
စိတ်ပိုင်းဆိုင်ရာ
ရုပ်ပိုင်းဆိုင်ရာ
ကမ္ဘာကြီးရေ
ခဏလောက် အဆက်အသွယ် ဖြတ်ခွင့်ပေးပါ
ငါဟာ
တခါသုံး အစမ်းသပ်ခံ ပစ္စည်းပါကွဲ့
ငါ့ တန်ဖိုးဟာ
depreciation ကျသလို
တအိအိနဲ့
လျော့
လျော့
ကျ...
နောက်ဆုံး အချိန်မှာ ငါ့နေရာဟာ
ဟိုး က စတိုခန်း ထောင့်လေးမှာ...
နောက်ဆုံးချိန်ရေ
ပစ္စည်းသစ်တွေ ရောက်လာချိန်ထိ
(ငါဟာ ဟောင်းနွမ်း အသုံးမကျတော့လို့
လဲလှယ်လိုက်ရပါတယ် ဆိုတဲ့ အချိန်ထိ)
ငါ စောင့်နေပါတယ်...
ညရေ
အဲဒီအချိန် မတိုင်ခင်မှာတော့
နှစ်ခြိုက်စွာ အိပ်စက်ခြင်းတို့ကို
ပေးပါ...
!_!
Sunday, May 23, 2010
Subscribe to:
Post Comments (Atom)


အင်း စာသားတွေဖတ်ရတာ စိတ်ထဲမကောင်းဖူး။ အသစ်တွေ အဟောင်းတွေနဲ့ မဆုံးဖြတ်ပါနဲ့ လေ တန်ဖိုးသိသူအတွက် တန်ဖိုးဆိုတာ ရှိနေမှာပါ။
ReplyDeleteသာယာချမ်းမြေ့ပါစေနော်
မိုး
Your blog is great
ReplyDeleteIf you like, come back and visit mine: http://b2322858.blogspot.com/
Thank you!!Wang Han Pin
From Taichung,Taiwan
သူငယ်ချင်းရဲ့ ခံစားချက်ကဗျာကောင်းလေးကို
ReplyDeleteရင်ဘတ်နဲ့ဖတ်သွားပါတယ်.....
အရမ်းကြိုက်တယ်ဗျို့
ReplyDelete