ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Tuesday, August 11, 2009

သြဂုတ်

ဒီလ........
အဖိုးတန်တဲ့ စာရေးဆရာတစ်ယောက်
ထွက်သွားပြီး
တန်ဖိုးမရှိတဲ့ ငါ
ဝင်လာတယ်။
ဘယ်သူခွင့်ပြုလိုက်သလဲ။

5 comments:

  1. ဘယ်စာရေးဆရာက ဘယ်ကိုထွက်သွားတာပါလိမ့်ဗျာ
    ကျနော်ကနည်းနည်းပိန်းတယ်
    သတင်းတွေလည်းမဖတ်ဖူးရယ်
    ဝင်လာခွင့်ပြုလိုက်တယ်ဆိုကတည်းကအဲဒီ“ငါ”ဆိုတာကလည်း
    တန်ဖိုးရှိလို့နေမှာပါ တန်ဖိုးဆိုတာကလည်း သတ်မှတ်သူတွေ
    အပေါ်မှာမူတည်ပါသေးတယ်

    ReplyDelete
  2. တာရာမင်းဝေ
    ထူးအိမ်သင်
    မင်းသုဝဏ်
    ...

    လူဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား ရှင်သန်ခွင့်ရကြတာပါ...

    ကိုယ့်ကိုကိုယ် ကောင်းအောင် ကြိုးစားရင် အများအကျိုးကို တတ်နိုင်သလောက် ထမ်းဆောင်ပေးနိုင်မယ်ဆိုရင် မွန်မြတ်တဲ့ ဘဝတခုကို ပိုင်ဆိုင်ခွင့်ရမှာပါ...

းဝ)

    ReplyDelete
  3. အဲဒီ သြဂုတ်လမှာပဲ အဖိုးတန်တဲ့ တို့နိုင်ငံရဲ့ သားကောင်းသားမွန်တွေ ထောင်နဲ့ချီပြီး အမျိုးသားရေးအတွက် အသက်ပေးခဲ့ရတယ်...

    ReplyDelete
  4. စကားပြေ ကို တွဲဖတ်မှ ကဗျာဆိုလိုရင်းကို ရေးရေးမြင်တယ်
    ကဗျာဆို တို့က ဝေးတယ်

    ReplyDelete
  5. ကျန်ပါသေးတယ်
    ဆရာ မင်းသိင်္ခပါ။

    ReplyDelete