ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Monday, October 12, 2009

S for ...

  1. What is your name : Sweetpeony
  2. A four Letter Word : Snow
  3. A boy's Name : Sean
  4. A girl's Name : Salina
  5. An occupation : Squire
  6. A color : Shimmer green
  7. Something you'll wear : Sense's blouse
  8. A food : Spaghetti
  9. Something found in the bathroom : Sponge
  10. A place : Somewhere I belong
  11. A reason for being late : Season sales!!
  12. Something you'd shout : So messy!!!!
  13. A movie title : Sixth Sense
  14. Something you drink : Sugar Cane
  15. A musical group : Second hand senerade
  16. An animal : Seagull
  17. A street name : Sims Ave (Sg)
  18. A type of car : Saturn amp electric
  19. The title of a song : Somewhere over the rainbow
  20. A verb : Smile!!!

ဆက်တက်ဂ်လိုက်ပါဦးမယ်... အဆင်ပြေရင် ရေးပေးကြပါကုန်....
း)
Nyi Mg
Nway Nay Chi
Fallen
Phyo Maw

Friday, October 2, 2009

I'm a porcupine
that plucks its spines from its body
Cause it loves YOU so.

Tuesday, September 22, 2009

ဒဏ်

သိစိတ်က လူကိုထိန်းတယ်
မသိစိတ်က သိစိတ်ကိုထိန်းတယ်
မသိစိတ်က လွတ်ထွက်သွားတဲ့အခါ
မျက်ရည်တွေ လမ်းအဖြစ်ခင်းရတယ်

အနားမှာ လူတွေရှိတယ်
အနားမှာ ဘယ်သူမှမရှိဘူး
အနားမှာ စကားတွေပြောတယ်
အနားမှာ ဘာမှမပြောဘူး
အနားမှာ လှုပ်ရှားနေတယ်
အနားမှာ ငြိမ်သက်နေတယ်
အနားမှာ ပျော်ရွှင်နေတယ်
အနားမှာ ခြောက်ခြားနေတယ်
အနားမှာ ..................
...................
...................
...................

တိမ်စတချို့  ခပ်ဝေးဝေးလွင့်သွားပြီ
ခံစားချက်တွေ သယ်ဆောင်သွားပြီထင်ရဲ့
ချန်ခဲ့ပြီလား .......။
ဆွံ့အ စွာ ..........။

ကိုယ့်ကိုယ်ကို ခပ်နက်နက်ပြန်ငုံအကြည့်မှာ
အနီရဲရဲ ဒဏ်ရာတချို့ 
မကျက်သေးဘူး
တုပ မထားတဲ့ ခံစားချက်တွေ
ပုံ ပျက် ပန်း ပျက် ............။

Monday, September 7, 2009

ပြိဿာ :(

၁) မုန့်လင်မယား
၂) မုန့်ဗိုင်းတောင့်
၃)မုန့်ဦးနှောက်
၎) မုန့်လက်ကောက်
၅) မုန့်ဆန်း
၆) မုန့်ကြာစိ
၇) မုန့်ကျွဲသဲ
၈) ဆီထမင်း
၉) ပဲကောက်ညှင်းပေါင်း
၁၀) လမ်းသရဲမုန့်
၁၁) ရေမုန့်
၁၂) မလိုင်ထိုးမုန့်
၁၃) လမုန့်
၁၄) ငှက်ပျောကြော်+ဘူးသီးကြော်+ပုစွန်ခွက်ကြော်+ဆလက်ရွက်
၁၅) မန္တလေးပဲကြော်+ကြက်သွန်ကြော်+အိုးဘဲဥ+မုန့်ဟင်းခါး
၁၆) ပုသိမ်ရွှေမြင်းပျံဟာလ၀ါ
၁၇) ၀က်သားကောက်ညှင်းထုပ်
၁၈) ၀က်သားပေါင်း နဲ့ ပဲအချိုရည် (လသာ လမ်း၂၀ထိပ်)
၁၉) ဘဲသွေးသုပ်
၂၀) ဘဲအူသုပ်
၂၁) ငါးရံ့အူဟင်း
၂၂) ငါးဖယ်အစာသွပ်
၂၃) ပုစွန်ခေါင်းဟင်း
၂၄) ဆိတ်သားခါးပတ်
၂၅) မရမ်းသီးငါးပိထောင်း
၂၆) ဇရစ်ရိုးကြော်ချက်
၂၇) ပုရစ်ကြော်
၂၈) ကရေကရာ
၂၉) ရွှေကြည်
၃၀) ဆနွင်းမကင်း
၃၁) ဗာဒံစေ့လှော် (စကော့ဈေး)
၃၂) သစ်ချသီးလှော်
၃၃) ထောပတ်ဘိန်းမုန့် (ရေကျော်)
၃၄) ဒိန်ချဉ်ပူတင်း (ရွှေပုစွန်)
၃၅) နံပြားထောပတ်သုပ်
၃၆) မလိုင်နံပြား+နွားနို့နွေးနွေး
၃၇) ဖီးကြမ်းငှက်ပျောသီး
၃၈) နန်းပြားသုပ်
၃၉) မုန့်ကြိုးလိမ်
၄၀) မုန့်လုံးကြီးကြော်
၄၁) ကောက်ညှင်းရွှေကြည်
၄၂) ငှက်ပျောသီးကောက်ညှင်းထုတ်
.............
.............
.............

Tuesday, August 11, 2009

သြဂုတ်

ဒီလ........
အဖိုးတန်တဲ့ စာရေးဆရာတစ်ယောက်
ထွက်သွားပြီး
တန်ဖိုးမရှိတဲ့ ငါ
ဝင်လာတယ်။
ဘယ်သူခွင့်ပြုလိုက်သလဲ။

Monday, August 10, 2009

ရကောက်

ကျွန်တော်က သူမအတွက်တော့
သတိရမှသာ ထုပ်ထုပ်ကြည့်တတ်တဲ့ ရွှံ့ ရုပ်....။
ကျွန်တော်အတွက်တော့ သူမက
နှလုံးသားနဲ့ရင်းထားရတဲ့ ရွှေရုပ် ....။

Tuesday, August 4, 2009

ခုတလော

ခုတလောတဲ့ အမ မနော်က တက်ဂ်ပါတယ်။ စိတ်တွေများ ရှေ့ဖြစ်ကို ကြိုကြိုမြင်နေသလားမသိ။ သူများတက်ဂ်ပို့စ်တွေ ဖတ်ဖတ်ပြီး ငါ့ကို တက်ဂ်ရင်တော့ ငါ့ကိုတက်ဂ်ရင်တော့လို့ တွေးတွေးနေတာ။ မ နော်က တက်ဂ်ထားပါတယ်ဆိုတော့ တက်ဂ်ပြီဟဆိုပြီး ပြေးကြည့်တော့ ခုတလောတဲ့။ ဒီတော့လည်း ခုတလောပေါ့လေ...။ ဘလော့ကလည်းဘယ်လိုဖြစ်နေတယ်မသိ။ စာရေးပြီးရင်ပြင်ဖို့ အပေါ်က Formatting Toolbar ကပျောက်နေတယ်။ color မရ bold မရ italic မရနဲ့။ ဒီတိုင်းကြီး တင်လိုက်ရပြီ။

ခုတလော

တွေးနေမိတာက

၁) လက်ရှိအချိန် ဒီနေ့ဆိုတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်နေဖို့။
၂) လူတွေ ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင်ကြပါလား။ ဒါဟာ မျက်လုံးက အပြင်ဘက်ကိုလှည့်ပြီး မျက်နှာမှာ ကပ်နေလို့များ ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့မရတာလား။ ဒါကြောင့်သူများကိုပဲမြင်ပြီး ကိုယ့်ကိုယ်ကို မမြင်တာထင်တယ်။ ငါဒီလိုမဖြစ်အောင် သတိထားရမယ်။
၃) မျက်နှာဖုံးအောက်က မျက်လုံးတွေကို ငါနဲနဲမြင် တတ်လာပြီ။
၎) အော် အပြင်မှာတင်မကဘူး game ထဲမှာတောင်မှ ငွေရှာရတာမလွယ်ပါလား။ (farm town) တိုးတက်ချင်လွန်းလို့ မတရားလုပ်ရင် ကျန်တာတွေမှာ လစ်ဟင်းကုန်မယ်။ (ဒါကလွဲရင် ကျန်တာ မလုပ်ဖြစ်တော့ဘူး) ဖြည်းဖြည်းနဲ့မှန်မှန်ပဲ ကောင်းမယ်။ လက်တွေ့ဘ၀လဲ ဒီလိုပဲထင်တယ်။ flexible ဖြစ်အောင် နေနိုင်မှ ဖြစ်မယ်။ (game ထဲကရလိုက်တာလေး)
၅)compete with yesterday-you, not others.

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ငါဟာ ဘာမှမဟုတ်သေးပါဘူး။

ကျန်းမာရေး

ဒေါင်ဒေါင်မြည်တယ်လို့တော့ ကိုယ့်ဘာသာထင်တာပဲ။ အထဲမှာဘာဖြစ်နေလဲတော့ ကိုယ့်ဘာသာ ကြည့်လို့မရဘူးလေ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

၁) ကျောင်းစာ။
၂) ဘလော့စာ။
၃) အင်တာနက်စာမျက်နှာ။

ရောက်နေဖြစ်တာက

၁) လောကကျောင်းထဲ။
၂) ရိုးရှင်းတဲ့တောင်ယာလေးထဲ။

ရေးဖြစ်နေတာက

ဘ၀ကျောင်းကစာတွေ။

နားထောင်ဖြစ်နေတာက

၁) ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေကြတဲ့ ညည်းချင်းတချို့ (ဒါဟာ တခါတလေ ရှောင်ဖယ်လို့မရဘူး)
၂) Taylor Swift ရဲ့ Love Story

ရွတ်နေမိတဲ့ကဗျာက

သီချင်းတွေပဲ ရွတ်နေမိတယ်။

ဖြစ်ချင်နေတာက

အများကြီး။

စားဖြစ်နေတတ်တာက

၁) ပန်းသီး။
၂) ငှက်ပျောသီး။
၃) ပေါင်မုန့်။

သနားနေမိတာက

အိမ်က ခွေးလေး။ (အိမ်ထဲမှာပဲ တစ်ကောင်ထဲ အထီးကျန်ပြီး ပျင်းနေမယ်ထင်တယ်။ ကိုယ်ချင်းစာတယ်။)

လွမ်းနေမိတာက

အဝေးက အိမ်။

မေ့လျော့ပစ်နေမိတာက

၁) ကိုယ့်အတွက် အရေးမပါတဲ့ အရာတွေ။
၂) ပေါ့ပျက်ပျက် စကားတချို့။

ခါးသက်နေမိတာက

၁) ခါးသက်တဲ့ အပြောအဆိုတွေ။
၂) ခါးသက်တဲ့ အပြုအမူတွေ။
၃) ခါးသက်တဲ့ လူတွေ။
နာ ကျင် ရ တယ်။

တမ်းတနေမိတာက

နွေးထွေးမှု။

ကြိတ်ပြီးချီးကျူးနေမိတာက

၁) ဘ၀ကို flexible ဖြစ်အောင် နေထိုင်နိုင်သူတွေ။
၂) ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်သူတွေ။

ကြိတ်ပြီးအထင်သေးနေမိတာက

သိုးရေခြုံတွေ။

ဆန္ဒမရှိတဲ့နေရာ

ကိုယ့်ကို welcome မဖြစ်တဲ့နေရာ။

ဆန္ဒရှိနေတဲ့ကိစ္စ

လခရရင် လှူဦးမှ။

မုန်းတီးနေမိတာက

မုန်းတယ်ဆိုတာလဲ အဲဒါကြီးက ကိုယ့်စိတ်ထဲမှာ ရှိနေသေးတယ်။ မုန်းလာပြီထင်ရင် မေ့ပစ်လိုက်တယ်။ စိတ်ထဲကပါထုတ်လိုက်ပြီ။ ဥပေက္ခာပဲရှိတယ်။

ချစ်နေတာက

အုန်းသီး။

စိတ်ပျက်နေမိတာက

ကိုယ့်ကိုယ်ကို။

စွဲလန်းနေမိတာက

၁) ချစ်နေတာကို။
၂) တောင်ယာလေး။ ( အမလေးးးးး addicted ဖြစ်နေပြီလားးးးး )

လိုအပ်နေတာက

၁) လက်တစ်စုံ။
၂) စကားတစ်ခွန်း။
၃) ကျိန်းသေပေါက်မယ့် ထီလက်မှတ်တစ်စောင်။

တောင်းနေမိတဲ့ဆု

ဆုတောင်းတိုင်းသာ ပြည့်ရရင် ယတြာယာချေတိုင်းတာ အဆင်ပြေရင် ကမ္ဘာကြီး တော်တော်နေလို့ကောင်းပြီး သာယာနေမှာပဲ။
ဒါပေမယ့်လည်း
မရဲတရဲ တိုးတိုးလေးတော့ တောင်းနေမိတာ ရှိသေးတယ်။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

အားးးးးးးးးးးးးးးးးးးးးး

ဝန်ခံချင်တာက

အထက်ပါစာများ လီဆယ် လုပ်ကြံထားခြင်း အလျင်းမရှိ။
စာလုံးပေါင်းမှားလျှင် ပြင်ပေးရန်။

Tag ဆိုတော့လည်း Tag လိုက်ဦးမှ...း)
ကဲ လာလေရော့..
ရေးစေ...

ညီမောင်
ဖြိုးမော်
နွေးနေခြည်
သားကြီး