ချမ်းတယ်.....။
အေးစက်စက်နဲ့ ......။
အေးတာကို အံ့သြစွာမုန်းတတ်နေပါလား.... ကိုယ့်ကိုယ်ကို အံ့သြခြင်းများစွာနဲ့  ကြည့်နေမိတယ်။ အရင်ကတော့ အဲဒီအေးတာကိုမှ ကြိုက်တတ်ခဲ့တာ... ပူနွေးတာကို မကြိုက်ဘဲ အေးတာကိုမှလိုချင်ခဲ့တာ... ချမ်းစိမ့်စိမ့်အရသာလေးကိုမှ သဘောကျခဲ့တာ...။ ခုတော့ ဒါကိုမုန်းတတ်နေခဲ့ပြီ.... အေးစက်စက်ဖြစ်နေတာကို မုန်းနေပြီ... ချမ်းတဲ့ ခံစားမှုကိုမုန်းနေပြီ... နွေးထွေးတဲ့နေရာကို ရှာနေမိပြီ... ပူနွေးမှုကို ဆာလောင်နေပြီ... ပူနွေးတဲ့ နေရာထဲကို တိုးဝင်ချင်နေပြီ...။ အေးစက်စက် ချမ်းစိမ့်စိမ့်ကို တွန်းလှန်နိုင်ဖို့  ချောင်တစ်ချောင်မှာ ကိုယ့်ကိုယ်ကို ပြန်ဖက်... မုန်းတီးစွာနဲ့  ပဲကြည့်နေရတယ်...။
ပူနွေးတာကိုမကြိုက်ခဲ့ဘူး... ပူနွေးတဲ့ အရသာကိုမသိခဲ့ဘူး.. တန်ဖိုးကိုနားမလည်ခဲ့ဘူး (နားမလည်ချင်ယောင်ဆောင်နေခဲ့တာလဲဖြစ်မှာ) အေးစက်မှုကိုခံစားရတိုင်း... ပူနွေးခြင်းကိုတိုးလို့  တိုးလို့  တပ်မက်ပြီးနေနေပြီ။
အဝေးက ငါ့အိမ်ကလေးရေ.... ပူနွေးတဲ့အရသာကို ငါကြိုက်နေပါပြီ... ပူနွေးတဲ့ တန်ဖိုးကို ငါသိနေပါပြီ...။ ဒါပေမယ့် အိမ်ကလေးသိအောင် ငါပြောမှာမဟုတ်ဘူးနော်...။ အိမ်ကလေးရဲ့ ပူနွေးမှုကို အခု ပြန်ရနိုင်ပေမယ့် ငါ ရွေးထားတဲ့ လမ်းအတွက် နောက်ပြန်လှည့်ခဲ့မှာ မဟုတ်သေးဘူးကွယ်...။ အဲ့ဒီအချိန်ကိုရောက်ဖို့  အေးစက်စက် အချိန်ကာလ တစ်ခုကို ငါ ဖြတ်ကျော်ရဦးမယ်... တိုးတိုးတိုက်တိုက်ပဲ ဖြတ်ကျော်သွားဦးမှာ...။
ငါ ဟာ
ခေါင်းမာသော စွန့် ခွာသူ အဖြစ်ပဲ အိမ်ကလေး သိထားပါစေလေ.....။
Monday, March 23, 2009
Subscribe to:
Post Comments (Atom)
အဆုံးသတ်ကတော့ ကိုယ့်အိမ်လေးဆီကိုပဲပေါ့
ReplyDeleteနွေးထွေးပါစေး)
ကျေးဇူးပါ မိုးခါးရေ...
ReplyDeleteး)