အရောင်တွေထဲမှာ အကြိုက်ဆုံးက အနီရောင်။ နီတာမှ ရဲရဲနီနေတဲ့ အနီ သန့် သန့် မျိုး။ အနီရောင်ကိုမြင်ရင် စိတ်တွေတက်ကြွလာသလို... စိတ်ဓာတ်ကျနေရင်တောင် အနီရောင်အင်္ကျီဝတ်လိုက်ရင် အားပြည့်လာသလို။ ဒါကြောင့် ဒီဘလော့လေးကို စဖန်တီးခဲ့တဲ့အချိန် အနီကိုပဲသုံးရင်ကောင်းမယ်လို့ စဉ်းစားမိတယ်။ အနီမရှိတော့ အနီးစပ်ဆုံးတူတဲ့ ပန်းရောင်ရင့်ရင့်ကိုသုံးလိုက်တယ်။
ဒါပေမယ့် ဘလော့ဆိုတာ အဓိက က စာရေးစာဖတ်လုပ်တဲ့နေရာ။ မျက်လုံးကိုအားပြုပြီး အလုပ်လုပ်ရတာ။ အနီရောင်ရဲ့စူးရဲမှုနဲ့ ကွန်ပြူတာကို ကြာရှည်အသုံးပြုမှုတွေကြောင့် ကြာရင်တော့ မျက်လုံးထိခိုက်နိုင်တယ်ထင်မိတယ်။ ဒါနဲ့ အရောင်လေးတော့ပြောင်းဦးမှပေါ့...။
ဘာရောင်ပြောင်းရင်ကောင်းမလဲစဉ်းစားလိုက်တော့ ငယ်ငယ်က အကိုတစ်ယောက်ပြောတာကို သတိရသွားတယ်။ ငယ်ငယ်တုန်းက စာကျက်နေရင်း စာလုပ်နေရင်းနဲ့ `မျက်စိညောင်းလာပြီ ..´ လို့ အကိုရှေ့မှာပြောမိတော့ `သွား.. အိမ်ရှေ့ထွက်ပြီး သစ်ပင်တွေကိုကြည့်လိုက်.. အဝေးကသစ်ပင်ကော အနီးကသစ်ပင်ကော အားလုံးကိုသွားကြည့်´ လို့ ပြောတယ်။ ဘာဖြစ်လို့လဲလို့  မေးဖူးတယ်။ အကိုက `သစ်ပင်တွေက စိမ်းတယ်..။ အဲဒီသစ်ပင်ရဲ့စိမ်းစိမ်းစိုစိုအရောင်တွေက လူရဲ့မျက်စိကို အေးစေတယ်။ အမြင်ကြည်စေတယ်။ မျက်လုံးညောင်းနေရင် သွားကြည့်.. သက်သာသွားလိမ့်မယ်´လို့ ပြောပြတယ်။ ဟုတ်မဟုတ်တော့မသိ.. ဘယ်လိုဆိုင်သလဲမသိ..။ ဒါပေမယ့် နောက်ပိုင်း မျက်လုံးအရမ်းညောင်းလာရင် သစ်ပင်တွေကို လိုက်လိုက်ကြည့်တတ်တယ်။ အကိုပြောတာ ဟုတ်သလိုလိုတော့ရှိသား။ သက်သာတယ်။
ဒါကြောင့် မျက်လုံးကို အသုံးပြုပြီး ရေးရဖတ်ရအလုပ်လုပ်ရတဲ့ ဒီဘလော့မှာ ကြာကြာရေးနိုင်ဖတ်နိုင်အောင်နဲ့  မျက်လုံး အားစိုက်ရတာသက်သာအောင် အစိမ်းရောင်ကို ပြောင်းသုံးဖို့  ဆုံးဖြတ်လိုက်ပြီး အစိမ်းရောင်ပြောင်းလိုက်ပါကြောင်း........။
Thursday, March 12, 2009
Subscribe to:
Post Comments (Atom)
အစိမ်းတော့ကြိုက်တယ်
ReplyDeleteမျက်စိအေးလို့
အနီကိုလည်း ရံဖန်ရံခါလိုအပ်တာပဲ
အကောင်းဆုံးက ကိုယ့်ပါးကို ခပ်ပြင်းပြင်းဆယ်ချက်လောက်ရိုက်လိုက်တာပါပဲ။
ReplyDeleteအနီရောင်ကြိုက်ရင် ကျွဲအုပ်တွေကိုသတိထားရမယ် :P
ReplyDelete(သူရ)